ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်နှစ်ပတ်လည်နေ့အခမ်းအနားကို (၁-၂-၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲ ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာ ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအမှူးများ၊နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ(CSO)၊ မီဒီယာများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
နှစ်ပတ်လည်နေ့အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများမှ ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက လွှတ်တော်ဆိုင်ရာများ အကြံပြုဆွေးနွေးခြင်း၊ CSOနှင့်မီဒီယာများမှ အကြံပြုဆွေးနွေး ကြပြီး ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်နှစ်ပတ်လည်နေ့အခမ်းအနားကို (၁၂း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။



