548

ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲကို ၂၃-၇-၂၀၁၅ ရက်နေ့မှ ၂၄-၇-၂၀၁၅ ရက်နေ့ထိ မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ကျင်းပပါသည်။ ဆွေးနွေးပွဲကိုမွန်ပြည်နယ်လွှတ်တော်၊ ဂျာမနီနိုင်ငံအခြေစိုက် Konrad Adenauer Stiflung ဖောင်ဒေးရှင်းနှင့် မွန်ပြည်နယ်အခြေစိုက် မော်လမြိုင် (NEI)တို့မှပူးပေါင်း ကျင်းပပြုလုပ်ပါသည်။

ယင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် (၁၀)မြို့နယ်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှအရာရှိများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ (CSO)၊ သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များ စုစုပေါင်း (၇၈)ဦး တက်ရောက်ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေမှအဖွင့် အမှာစကားပြောကြားခြင်း (NEI) ဥက္ကဋ္ဌ ဦးကျော်ဇံဝင်းမှ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကိုတင်ပြခြင်းနှင့် အာရှဖွံ့ဖြိုးေရေးဘဏ် (Asian Development Project) မှပညာရှင် Mr. Maxime Riou မှ အာရှဖွံ့ဖြိုးရေးဘဏ်မှ ပံ့ပိုးမှုအစီအစဉ်များမှ မဟာမဲခေါင်ဒေသခွဲ စင်္ကြန်လမ်းကြောင်းတစ်လျှောက်ရှိ မြို့ပြများဖွံ့ဖြိုးမှုစီမံကိန်းနှင့် ပတ်သက်ရျ် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးနှင်းဦး (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငါး လုပ်ငန်းရှင်များအဖွဲ့)မှ အစိုးရ၏ရည်မှန်းချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပါသည်။

တက်ရောက်လာသူများမှ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် အစိုးရအဖွဲ့အစည်းများ၏ အားသာချက်များနှင့် အခွင့်အလမ်းများ၊ အားနည်းချက်များနှင့်စိန်ခေါ်မှုများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုပုံစံအဖြစ် ပုံဖော်ခြင်းများ၊ မြို့နယ်အလိုက်ဆောင်ရွက်မည့် စီမံချက် များကို မြို့နယ်အလိုက်တင်ပြဆွေးနွေးကြပါသည်။

 

20150723_073612