ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပခြင်း
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို (၂၈.၁.၂၀၁၆)ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၀)ဦးအနက် (၂၉)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးမှ တင်သွင်းခြင်း၊ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းပါ လယ်ယာကဏ္ဍကြီးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်မှ တင်ပြခြင်း၊ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းပါ စက်မှုကဏ္ဍကြီးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးနိုင်လဝီအောင်(ခ) နိုင်မြင့်ဆွေမှ တင်ပြခြင်း၊ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းပါ ဝန်ဆောင်မှု ကဏ္ဍကြီးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှထွန်းမှ တင်ပြခြင်း၊ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်း တင်သွင်းခြင်းအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ပါသည်။ ဆက်လက်ပြီး ဆွေးနွေးချက်များကို မှတ်တမ်းတင်ခြင်းနှင့် ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို အတည်ပြုကြောင်းကြေညာပါသည်။ ၂၀၁၆ခုနှစ်၊ မွြန်ပည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်မှ တင်သွင်းခြင်းကို လွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ ဆွေးနွေးအကြံပြုပါသည်။ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးအကြံပြုချက်ကို သက်ဆိုင်ရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးပါသည်။ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးအကြံပြုချက်နှင့်သက်ဆိုင်ရာဝန်ကြီး၏ ပြန်လည် ရှင်းလင်းတင်ပြခြင်းတို့ကို မှတ်တမ်းတင်ပြီး ၂၀၁၆ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း အတည်ပြုပါသည်။ ၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော နည်းဥပဒေများ တင်ပြခြင်းကို မှတ်တမ်း တင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပထမ(၅)နှစ်တာကာလ ပြည်နယ်လွှတ်တော်ဆောင်ရွက်မှုများ အခြေအနေ၊ ဒုတိယအကြိမ်ပြည်နယ်လွှတ်တော် ခေါ်ယူကျင်းပခြင်းနှင့်လွှတ်တော်လုပ်ငန်းများ လွှဲပြောင်းခြင်း အခြေအနေနှင့်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးအကြံပြုခြင်းများ၊ လွှတ်တော်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး အခြေအနေများကို ဆွေးနွေးပြောကြားပါသည်။
၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြလာသော မော်လမြိုင်မြို့၊ ရေပေးရေးလုပ်ငန်း ဆိုင်းငံ့ထားခြင်းကိစ္စ၊ ပထမအကြိမ်ပြည်နယ်လွှတ်တော်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်ကိစ္စများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြရာ လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း၊ သဘောတူကြောင်း ဆုံးဖြတ်ဆောင်ရွက်ပါသည်။
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို (၁၂း၃၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။



