မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေအကောင်အထည်ဖော်ရေးအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၃.၇.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ အကောင်အထည်ဖော်ရေး အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်စည်ပင် ညွှန်မှူးနှင့် မြို့နယ် (၁၀)မြို့နယ်ရှိ စည်ပင်သာယာရေးအမှုဆောင်အရာရှိများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်စည်ပင်ဥပဒေအကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေး ကော်မတီအသစ်ဖွဲ့စည်းနိုင်ရေးလေ့လာသုံသပ်နိုင်ရန် စည်ပင်သာယာရေးအမှုဆောင် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးကြပါသည်။
အစည်းအဝေးကို မွန်းလွဲ (၁၂း၄၅)နာရီအချိန်တွင် ရပ်နားပါသည်။



