မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့မှ ကျင်းပပြီးစီးခဲ့သော ဖိုရမ်များ၏ ဆွေးနွေးချက်များကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း
၇-၉-၂၀၁၅ ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်ပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့မှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအရာရှိများအား လာရောက်တွေ့ဆုံပြီး ၎င်းတို့ ထုတ်ပြန်မည့် ဖိုရမ်ကြေညာချက်မူကြမ်းကို ရှင်းလင်းတင်ပြပါသည်။ ဖိုရမ်လုပ်ငန်းအဖွဲ့မှ ၂၀၁၄ခုနှစ်တွင် ကျင်းပခဲ့သော မွန်ပြည်နယ်ပြည်သူ့ဖိုရမ်မှ ရရှိခဲ့သည့် ဆွေးနွေးအကြံပြုချက်များကို အခြေခံပြီး ဆောင်ရွက်ချက်၊ သုံးသပ်ချက်များကို ခြုံငုံရေးသားထားခြင်းဖြစ်ပြီး ၎င်းတို့၏ ကြေညာချက်မူကြမ်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက အချက်တစ်ချက်ချင်းအပေါ် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



