5546

မွန်ပြည်နယ်လွှတ်တော်သို့မဂ္ဂဒူး-မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှလာရောက်တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခြင်း

(၅.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်လွှတ်တော်ရုံး၊
ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်နှင့် မဂ္ဂဒူး-မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ
ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မဂ္ဂဒူး-မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှတာဝန်ရှိသူ(၁၅)ဦးမှ
တက်ရာက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်လာသူများမှ မွန်ပြည်နယ်ရေးမြို့နယ်အခြေစိုက်အရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်
သည့်မဂ္ဂဒူး-မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှပုံနှိပ်ထုတ်ဝေခဲ့သည့် ရေးမြို့နယ်တောင်ပိုင်းမန်ကျည်းကျေးရွာ
အုပ်စု၊ ဗလဲ့ခပွားတောင်ဒေသခံလူထုတို့၏ လူမှုစီးပွားစစ်တမ်းသုတေသနအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့
ကြပါသည်။

အခမ်းအနားကို(၅.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။