မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၇.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်
လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ဦးစီးမှူး၊ မွန်ပြည်နယ်
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး
ကော်မတီမှတာဝန်ရှိသူ(၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျ
ပြေးဆွဲရေးဥပဒေအားပြင်ဆင်ရေးဆွဲနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၇.၈.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



