မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်ကြားသူ၊ တိုင်ကြားခံရသူတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတွင် ငွေချေးငှားကိစ္စနှင့် ပတ်သက်၍ ထန်းပင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှစာရေးအပါအဝင် လူဦးရေ(၅)ဦး တို့အား ပေါင်မြို့နယ်ရဲစခန်းမှ ဖမ်းဝရမ်းထုတ်ချုပ်နှောင်ခြင်းခံရသည့် ကိစ္စရပ်အား ဆွေးနွေးခဲ့ကြပါသည်။



