မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း
၁.၁၀.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်သည်။ (၀၈း၀၀)အချိန် မွန်ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ရုံး၌ ကျင်းပပြုလုပ်သော (၅၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား သို့တက်ရောက်ပါသည်။ (၀၉း၀၀)အချိန် မော်လမြိုင်မြို့၊ သာသနာ့ဓမ္မ ဗိမာန်၌ ကျင်းပပြုလုပ်သောအပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်သည်။
၂.၁၀.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၃.၁၀.၂၀၁၆(တနင်္လာနေ့) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်သည်။
၄.၁၀.၂၀၁၆(အင်္ဂါနေ့) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်သည်။
၅.၁၀.၂၀၁၆(ဗုဒ္ဓဟူးနေ့) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပပြုလုပ်သည်။
၆.၁၀.၂၀၁၆(ကြာသပတေးနေ့) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်သည်။
၇.၁၀.၂၀၁၆(သောကြာနေ့) (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်တရားလွှတ်တော်ရုံးအစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်သောရှေ့ပြေးတရားရုံး အစီအစဉ်မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား(Pitot Court Program Introduction Ceremony)သို့ တက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲ ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၆ခုနှစ်မွန်ပြည်နယ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်း(လျာထားချက်) ရှင်းလင်းတင်ပြခြင်း ညှိနှိုင်းအစည်းအဝေး သို့တက်ရောက်သည်။ (၁၃း၀၀)နာရီအချိန် (Starhigh Asia Pacific Pte ltd) ကုမဏီမှ ဦးဘုန်းခိုင်ရွှေ (General Menager)၊ ဦးဘိုဘိုအောင်(Office Menager)နှင့် ဦးမျိုးငြိမ်းကျော် (Assitant Menager)တို့လာရောက် တွေ့ဆုံဆွေးနွေးပါသည်။
၈.၁၀.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၉.၁၀.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၁၀.၁၀.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ်မွန်ပြည်နယ် တတိယပုံမှန်အစည်း အဝေး(ပဉ္စမနေ့) ကျင်းပပြီးစီးသည်။
၁၁.၁၀.၂၀၁၆(အင်္ဂါနေ့) (၁၁း၀၀)နာရီအချိန်လွှတ်တော်ကိုယ်စားလှယ်များ အင်္ဂလိပ်စာသင်တန်း တက်ရောက်သည်။ (၁၃း၀၀)နာရီအချိန်တွင် (National Project Women Coordinator UN Women)မှ Sandar Win (NPO UN Women) နှင့် Jean D’Cunha (Head UN Women) တို့လာရောက်တွေ့ ဆုံဆွေးနွေးသည်။
၁၂.၁၀.၂၀၁၆(ဗုဒ္ဓဟူးနေ့) (၀၈း၄၅)နာရီအချိန်ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ကျင်းပသောအာရှဖွံ့ဖြိုးရေး ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် မဟာဗျူဟာနှင့် မွန်ပြည်နယ်အတွင်းလုပ်ဆောင်မည့် လုပ်ငန်းများအားအသိပေးတင်ပြခြင်း အကြံပြုတင်ပြချက်များ တောင်းခံ ခြင်း အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက် ရောက်သည်။
၁၃.၁၀.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အင်္ဂလိပ်စာသင်တန်းသို့တက်ရောက်သည်။
၁၄.၁၀.၂၀၁၆(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပါသည်။
၁၅.၁၀.၂၀၁၅(စနေနေ့) (ဝရး၀၀)နာရီအချိန် ကျိုက်ထီးရိုးဘုရား ဗုဒ္ဓပူဇနိယပူဇော်ပွဲ အခမ်းအနား သို့တက်ရောက်ရန်ကျိုက်ထိုမြို့နယ်သို့သွားရောက်သည်။
၁၆.၁၀.၂၀၁၆(တနင်္ဂနွေနေ့) (သီတင်းကျွတ်လပြည့်နေ့) (၀၆း၀၀)နာရီအချိန် ကျိုက်ထီးရိုးဘုရား ဗုဒ္ဓပူဇနိယပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညှိပါသည်။ ညနေပိုင်း သံဖြူဇရပ်မြို့နယ်သို့သွားရောက်သည်။
၁၇.၁၀.၂၀၁၆(တနင်္လာနေ့) သံဖြူဇရပ်မြို့- သံဖြူဇရပ်မြို့ ဓမ္မာရာမတောရရွှေကျင်ကျောင်း စာသင်တိုက် (မိမိကိုးကွယ်သော)ကျောင်းတွင် ဘုံကထိန်ပွဲသို့တက်ရောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။ ညနေတွင် မော်လမြိုင်မြို့သို့ပြန်သည်။
၁၈.၁၀.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးနှင့် (၁၃း၀၀) နာရီအချိန်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်
စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်း အဝေးကျင်းပပြုလုပ်သည်။
၁၉.၁၀.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမတွင် အမေရိကန်ပြည်ထောင်စုမှ Visiting Speaker ဖြစ်သူ Ms.Teresa Ann Isaac နှင့်တွေ့ဆုံသည့်အခမ်းအနားသို့ တက်ရောက်ပါသည်။
၂၀.၁၀.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်ပါသည်။
၂၁.၁၀.၂၀၁၆(သောကြာနေ့) သံဖြူဇရပ်မြို့နယ်သို့သွားရောက်သည်။
၂၂.၁၀.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၃.၁၀.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၄.၁၀.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဥက္ကဌရုံးခန်းတွင် မြန်မာနိုင်ငံရှိ Oxfam အဖွဲ့မှ ဒေါ်ပန်းအိဖွေးဖြူစင် (Women Leadership Programme)၊ ဒေါ်အားဂသာ (သုတေသနအရာရှိ)နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပါသည်။
၂၅.၁၀.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်ပါသည်။
၂၆.၁၀.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။
၂၇.၁၀.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်ပါသည်။
၂၈.၁၀.၂၀၁၆(သောကြာနေ့) (ဝရး၀၀)နာရီအချိန် အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှု တွေ့ဆုံနှီးနှော ဖလှယ်ပွဲ (Women Political Action) သို့တက်ရောက်ရန် ရန်ကုန်သို့သွားရောက်ပါသည်။
၂၉.၁၀.၂၀၁၆(စနေနေ့) ရန်ကုန်မြို့၊ အင်ယာလိပ်ဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားမှုနှီးနှောဖလှယ်ပွဲသို့တက်ရောက်ပါသည်။
၃၀.၁၀.၂၀၁၆(တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ အင်ယာလိပ်ဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားမှုနှီးနှောဖလှယ်ပွဲသို့တက်ရောက်ပါသည်။
၃၁.၁၀.၂၀၁၆(တနင်္လာနေ့) နံနက်ပိုင်းရန်ကုန်မှပြန်လာရာ မော်လမြိုင်မြို့သို့ နေ့လယ်ပိုင်းတွင် ရောက်ရှိပါသည်။

