မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်မှ (၂၉)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း
၈.၂.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီ မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်း အဝေးပထမနေ့သို့ တက်ရောက်သည်။ အစည်းအဝေးတွင် သဘာပတိ အဖြစ် ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်(၂)မှ ဒေါက်တာအေးဇံကိုရွေးချယ်ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌကို ရွေးချယ်ဆောင်ရွက်ပါ သည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် သံဖြူဇရပ် မဲဆန္ဒနယ်(၁)မှ ဒေါ်တင်အိကိုလည်းကောင်း ဒုတိယဥက္ကဌကိုဘီးလင်းမဲဆန္ဒနယ်(၂)မှ ဦးမင်းမင်းဦးကိုလည်းကောင်း ရွေးချယ်ခဲ့ပါသည်။ လွှတ်တော်ဥက္ကဌ အနေဖြင့် မိတ်ဆက်စကားပြောကြားပါသည်။ ၎င်းနောက် ဆွေးနွေးပွဲ ခန်းမတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၏တာဝန်ကို ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေမှ မိမိအားလွှဲပြောင်းပေးပါ သည်။ မိမိမှ ကျေးဇူးတင်စကားပြောကြားပါသည်။
၉.၂.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်ပြီး လုပ်ငန်းများကိုလေ့လာသည်။
၁၀.၂.၂၀၁၆(ဗုဒ္ဒဟူးနေ့) ရုံးတက်ရောက်ပြီး လုပ်ငန်းများကိုလေ့လာသည်။
၁၁.၂.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်ပြီး လုပ်ငန်းများကိုလေ့လာသည်။
၁၂.၂.၂၀၁၆(သောကြာနေ့) (၆၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (ဝရး၀၀)နာရီအချိန် မော်လမြိုင်မြို့ မောရဝတီ ပန်းခြံတွင် ကျင်းပပြုလုပ်သော (၆၉)ကြိမ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတော်အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတ သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားသို့ တက် ရောက်သည်။(၀၈း၀၀)နာရီအချိန်တွင်မော်လမြိုင်မြို့ တောင်ဝိုင်းဘိုးဘွား ရိပ်သာနှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ပြီး အဘိုးအဘွား (၅၃)ဦးအား လက်ကိုင်ပုဝါများကို လှူဒါန်းပါသည်။ (၁၀း၀၀)နာရီအချိန် တွင် မော်လမြိုင်မြို့ သားဖွားနှင့်ကလေးဆေးရုံကြီး၌ ကလေးကုသ ဆောင်(၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ပါသည်။ (၁၈း၀၀)နာရီအချိန်တွင် မောရဝတီပန်းခြံ၌ ကျင်းပသော ပြည်ထောင်စု နေ့အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ပါသည်။
၁၃.၂.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်သည်။
၁၄.၂.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၁၅.၂.၂၀၁၆(တနင်္လာနေ့) ရုံးတက်ရောက်သည်။ (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးအစည်းအဝေးသို့ တက်ရောက်ပါသည်။ (၁၄း၀၀) နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးအဖွဲ့ ညွှန်ကြားရေးမှူး၊ လ/ထ ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများနှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းများကို ဆွေးနွေးပါသည်။
၁၆.၂.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်သည်။ (၁၅း၀၀)နာရီအချိန် (UN Women)အဖွဲ့မှ ဒေါ်စန္ဒာဝင်းနှင့် မိချယ်ရီစိုး လာရောက်တွေ့ဆုံသည်။
၁၇.၂.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။
၁၈.၂.၂၀၁၆(ကြာသပတေးနေ့) (၀၉း၀၀)နာရီအချိန်၊ မော်လမြိုင်မြို့၊ ပြည်နယ်အထွေထွေဆေးရုံးကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်အမျိုးသား ကာကွယ် ဆေးတိုက်ကျွေးနေ့ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကလေးသူငယ်များကိုဆေးတိုက်ကျွေးပါသည်။ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် နေအိမ်အဆောက်အဦးသစ်များဆောက်လုပ်ပြီးစီးသည့် အခြေအနေကို သွားရောက်ကြည့်ရှုပါသည်။ (၁၁း၀၀)အချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လုပ်ငန်းညှိနှိုင်းစိစစ်အကောင် အထည်ဖော်ရေးအစည်းအဝေးသို့ တက်ရောက်ပါသည်။
၁၉.၂.၂၀၁၆(သောကြာနေ့) ရုံးတက်ရောက်ပါသည်။ (၁၁း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်၍ အစည်းအဝေး တက်ရောက်ပါသည်။ (၁၃း၀၀)နာရီအချိန် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်လုံခြုံရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်သည်။
၂၀.၂.၂၀၁၆(စနေနေ့) (ဝရး၀၀)နာရီအချိန် မော်လမြိုင်လေယာဉ်ကွင်းသို့ သွားရောက်ပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များကိုကြိုဆိုပြီး ငန်းတေးဓါတ်အားပေး စက်ရုံးဝင်၌(230)မဂ္ဂါဝပ်သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
၂၁.၂.၂၀၁၆(တနင်္ဂနွေနေ့) (ဝရး၀၀)နာရီအချိန် အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့သွားရောက်သည်။
၂၂.၂.၂၀၁၆(တနင်္လာနေ့) (ဝရး၀၀)နာရီအချိန် ပြည်ထောင်စုလွှတ်တော် ( I-12 ) အဆောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ဒုတိယဥက္ကဌများတွေ့ဆုံသည့် အစည်းအဝေးသို့တက်ရောက်ပါသည်။
၂၃.၂.၂၀၁၆(အင်္ဂါနေ့) (၁၃း၀၀) နာရီအချိန် ပြည်ထောင်စုလွှတ်တော်ဝင်း ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့ (Myamnar Parliamentary Union) MPU ပြန်လည် ဖွဲ့စည်းရေး ညှိနှုင်းအစည်းအဝေးသို့ တက်ရောက်သည်။ (၁ရး၀၀)နာရီအချိန် နေပြည်တော်စည်ပင်သာယာရေးဧည့်ရိပ်သာအဆောင်(၇)တွင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ဥပဒေနှင့်ပက်သက်သည်များကို မေးမြန်းဆွေးနွေးကြပါသည်။ (၁၉း၀၀) နာရီအချိန် မွန်ပြည်နယ်လွှွတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းမှ ဖိတ်ကြားသည့် မွန်အမျိုးသားနေ့အထိမ်းအမှတ် အကြိုညစာစားပွဲသို့ တက်ရောက်သည်။
၂၄.၂.၂၀၁၆(ဗုဒ္ဓဟူးနေ့) နေပြည်တော်မှ ပြန်လည်ရောက်ရှိသည်။
၂၅.၂.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်သည်။ (၁၂း၃၀)နာရီ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့်မွန်ပြည်နယ်အတွင်းရှိမြေယာမဲ့အိမ်ထောင်စုများ နေရာချ ထားရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
၂၆.၂.၂၀၁၆(သောကြာနေ့) ရုံးတက်ရောက်သည်။(၁၃း၀၀) နာရီအချိန် မွန်ပြည်နယ်လုံခြုံရေးကောင်စီ အစည်းအဝေးသို့တက်ရောက်သည်။
၂၇.၂.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၈.၂.၂၀၁၆(တနင်္ဂနွေနေ့) (၁၃း၀၀) နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးဧည့်ခန်းမ၌ မွန်ငြိမ်းချမ်းရေးအဖွဲ့ နိုင်ထောမွန်နှင့် တွေ့ဆုံသည့်အခမ်းအနားသို့ တက်ရောက်သည်။
၂၉.၂.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှှှှှှိနှင့်တွေ့ဆုံပြီး(၁.၃.၂၀၁၆)ရက်နေ့ လွှတ်တော်ကိုယ်စားလှယ် များတွေ့ဆုံမည့်ကိစ္စကို ညှိနှိုင်းဆွေးနွေးသည်။

