4804

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၁၃-၉-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာရှိ ကရင်တိုင်းရင်းသား များ၏နိုင်ငံသားစိစစ်ရေးကတ်ပြားကိစ္စ (Pilot)အနေဖြင့် ဆောင်ရွက်သွားရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ ပါသည်။

အစည်းအဝေးကို (၁၃-၉-၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂း၁၅)နာရီအချိန်တွင်  ရပ်နားခဲ့ပါသည်။