မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားလူမျိုးများစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်လာသူများမှ ကော်မတီ၏ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၂၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


