“ကမ္ဘာ့အဆင့်မီမွန်တို့ပြည်” စာတမ်းအားရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း
(၁၆-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး၊ ဦးဝင်းကိုမျိုး (ခ) ဂျန္နဝါရီအပါအဝင်(၄)ဦးတို့မှ မွန်ပြည်နယ်၏ လူမှုစီးပွားဖွံံ့ဖြိုးတိုးတက်ရေးအတွက် ရေးသားထားသည့် “ကမ္ဘာ့အဆင့်မီမွန်တို့ပြည်” ဟူသော စီမံကိန်းစာတမ်းကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားကို (၁၆-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


