3593

ကျား/မအခြေပြုအကြမ်းဖက်ခြင်း ကောင်းဆဲလင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၀-၇-၂၀၁၈)မှ(၁၁-၇-၂၀၁၈)ရက်နေ့ထိ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်  ကျား၊ မအခြေပြုအကြမ်းဖက် ကောင်းဆဲလင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။

ဆွေးနွေးပွဲတွင် လူမှုရေးလုပ်ငန်းနှင့်ကောင်းဆဲလင်းသဘောတရား၊ အခြေခံကောင်းဆဲလင်း၊ ကောင်းဆဲလင်းလုပ်ငန်းလိုပ်လျက်ရှိသည့် နယ်ပယ်များ အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးနှင့် မူးယစ်ဆေး၊ ဘေးအန္တရာယ်ကျရောက်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးကြပါသည်။