719

စည်ပင်သာယာရေးဥပဒေဆွေးနွေးပွဲကျင်းပခြင်;

၁၆-၁၁-၂၀၁၅ ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၊ ပြည်နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိများတက်ရောက်ကြပါသည်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့် ပတ်သက်ပြီး မြို့နယ်သို့ ခရီးထွက်ဆွေးနွေးပွဲများ ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့်ဆွေးနွေးပွဲများ၌ ဆွေးနွေးကြသည်များရှိ ကြောင်း၊ ပြည်နယ်လွှတ်တော်အနေဖြင့် ဥပဒေပြဋ္ဌာန်းခြင်း၊ ပြဋ္ဌာန်းပြီးဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်မှု လေ့လာသုံးသပ်ခြင်းများဆောင်ရွက်ရာတွင်လည်း စည်ပင်သာယာရေးဥပဒေနှင့်ပတ်သက်ပြီး ပိုမိုပြည့်စုံမှုရရှိရေး၊ ကော်မတီများ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရေး၊ ကော်မတီနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်နိုင်မှုအားကောင်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊တည်ဆဲဥပဒေများနှင့်ပိုမိုကိုက်ညီရေးတို့ကို ရှေ့ရှုပြီး စည်ပင်သာယာရေးဥပဒေပြင်ဆင်ခြင်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ယင်းသို့ပြင်ဆင် ရာတွင်ပြင်ဆင်သင့်သည်များ ပိုမိုပြည့်စုံရေးအတွက် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းနောက် တင်ပြသော စည်ပင်သာယာရေးဥပဒေအပေါ် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပါသည်။

20151116_100137