771

စီမံချက်ပါ ဦးစီးကော်မတီများ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃.၁၂.၂၀၁၅)ရက်နေ့ (၁၂း၁၅)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲ ခန်းမ၌ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရေး စီမံချက်ပါ ဦးစီးကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပစဉ်ကာလတွင် ကော်မတီအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။