ဆွေးနွေးပွဲကျင်းပခြင်း
(၂၀.၆.၂၀၁၆) ရက်နေ့ (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပါသည်။
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျင်ဖေ၊ ဦးအောင်မြင့်နှင့် ဒေါက်တာစိုးမိုးအောင်တို့မှ ရှင်းလင်းတင်ဆွေးနွေးကြပြီး ကိုယ်စားလှယ်များ၏ သိရှိလိုသော မေးမြန်းချက်များကို ရှင်းလင်းကြပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား (၂၀.၆.၂၀၁၆)ရက်နေ့မှ (၂၂.၆.၂၀၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။


