တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနား ကျင်းပပြုလုပ်ခြင်း
(၄.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေး ပွဲခန်းမ၌ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားသို့ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးတက် ရောက်ကြပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၁း၁၅) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
အစီအစဉ် (၁) အခမ်းအနားစတင်ကြောင်း ကြေညာခြင်း၊
အစီအစဉ် (၂) မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ် (၃) အခမ်းအနားသို့တက်ရောက်လာသော တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များမှ မိတ်ဆက်ခြင်း၊
အစီအစဉ် (၄) တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်း၊
အစီအစဉ် (၅) ပထမအကြိမ်နှင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းဆောင်ရွက် ချက်များ(အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ စရိတ်ချီးမြှင့်ငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၆) တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး စီမံချက်နှင့် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပပုံတို့အား ရှင်းလင်း တင်ပြခြင်း၊
အစီအစဉ် (၇) တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပုံအကြိုသရုပ်ပြလေ့ကျင့်မှု ဗီဒီယို (Video)အား ပြသခြင်း၊
အစီအစဉ် (၈) လုံခြုံရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှုအခြေအနေအား မွန်ပြည်နယ် သတင်းရဲတပ်ဖွဲ့ခွဲရုံးမှ ရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၉) တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်း။



