တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု သတင်းအချက်အလက်များ အစီရင်ခံစာပေါ် ဆွေးနွေးပွဲကျင်းပခြင်း
၁၉-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမ၌ စနောင်းတိုင်းမွန်သတင်းဂျာနယ်၏ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုသတင်းအချက် အလက်များ အစီရင်ခံစာအပေါ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပါသည်။ ယင်းဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဦးကျင်ဖေ၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊ ပြည်နယ်တရားလွှတ်တော်ရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စနောင်းတိုင်းမွန်သတင်းဂျာနယ်မှ တာဝန်ရှိသူများ၊ လောကအလင်းနှင့် မော်လမြိုင် Justic center မှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။
ရှေးဦးစွာ စနောင်းတိုင်းမွန်သတင်းဂျာနယ်မှ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အစီရင်ခံစာအားရှင်းလင်းတင်ပြပါသည်။ စနောင်းတိုင်းမွန်သတင်ဂျာနယ်သည် USAID နှင့်ပူးပေါင်းပြီး မွန်ပြည်နယ်(၈)မြို့နယ်၏ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု သတင်းအချက်အလက်များ ကို အစီရင်ခံတင်ပြထားခြင်းဖြစ်ပြီး ယင်းတင်ပြချက်များအပေါ် ဆွေးနွေးပွဲတက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးကြသည်။ (၁၆း၀၀)နာရီအချိန်တွင် ဆွေးနွေးပွဲပြီးဆုံးပါသည်။



