3654

တိုင်းရင်းသားအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေးအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၃.၇.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် တိုင်းရင်းသားအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေး အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြို့နယ် (၁၀)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေးကိစ္စ ဆွေးနွေးကြပါသည်။