4344

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်မှူး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဆက်သွယ်ရေး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲ တပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာကျင်းရေးစီမံချက်ကို ရှင်းလင်းပြောကြားခြင်း၊ ကျင်းပရေး၊ ဖိတ်ကြားရေး၊ တည်းခိုနေရာချထားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပြန်ကြားရေး၊ အစည်းအဝေး ခန်းမပြင်ဆင်ရေးနှင့် မီးလင်းရေး စသည့်ကော်မတီအသီးသီးမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို နံနက်(၁၀း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။