ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့်ယဉ်ကျေးမှု အမွေအနှစ်များ သုတေသနလုပ်ငန်းစာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သုတေသနလုပ်ငန်း စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သုတေသီ(၁)ဦးနှင့် National Enlightenment Institute(NEI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သုတေသနလုပ်ငန်း စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၁.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂ း ၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


