5257

မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနှင့် ဘတ်ဂျတ်ပွင့်လင်းမြင်သာမှုအခြေအနေ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၃.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနှင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုအခြေအနေ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဝင်များ၊ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက် ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်  မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနှင့် ဘတ်ဂျက်ပွင့်လင်းမြင်သာမှု အခြေအနေအား ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲကို (၁၃.၃.၂၀၂၀)ရက်နေ့၊ မွန်းတည့်(၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။