မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း) ပြည်သူ့အသံကြားနာပွဲဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း
(၂၀.၁၂.၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ(မူကြမ်း) ပြည်သူ့အသံကြားနာပွဲဆောင် ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အလုပ်ရုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်များအားရှင်းလင်းခြင်း၊ ငါးလုပ်ငန်းဥပဒေ(မူကြမ်း)အား ပြည်သူ့အသံ ကြားနာပွဲပြုလုပ်ရန် လွယ်ကူရှင်းလင်းသောနည်းလမ်းများဖြင့် ပြင်ဆင်ထားမှုအပေါ် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသောကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးခြင်း၊ ငါးလုပ်ငန်းဥပဒေ (မူကြမ်း)အား ပြည်သူ့အသံ ကြားနာပွဲပြုလုပ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်သူ့အသံ ကြားနာပွဲပြုလုပ်နိုင်ရန် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ကိုယ်စားလှယ်များရွေးချယ်ဖွဲ့စည်းခြင်းများ ဆွေးနွေး ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးမွေးမြူးရေးနှင့်ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဋ္ဌေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများတို့မှ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲကို (၂၀.၁၂.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၄း၀၀)အချိန်တွင် ရပ်နားခဲ့ပါသည်။


