မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၂၀.၂.၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမ၌ The Asia Foundation မှ မွန်ပြည်နယ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဦးစားပေး ကဏ္ဍဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပအိုဝ်းတိုင်းရင်းသားရေး ရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ကျား/မ ရေးရာထည့်သွင်းစဉ်းစားစရာများ ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲဦးစားပေး ကဏ္ဍများဖော်ဆောင်ခြင်းကိုပြန်လည်တင်ပြဆွေးနွေးခြင်း၊ သုံးသပ်ဖြည့်စွက် ဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များဆွေးနွေးကြပါသည်။ အခမ်းအနားကို (၂၀.၂.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



