မွန်ပြည်နယ်မြေနှင့်သဘာဝအရင်းအမြစ်ရေရှည်တည်တံ့စွာအသုံးပြုရေးအလုပ်ရုံဆွေးနွေးပွဲ
(၂၅.၄.၂၀၁၇)ရက်နေ့မှ (၂၆.၄.၂၀၁၇)ရက်နေ့အထိ နံနက်(၀၈း၃၀)နာရီအချိန် မော်လမြိုင်မြို့ရာမညဟိုတယ်၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့်မွန်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းကွန်ရက်၊ မွန်ဒေသမြေအသုံးချမှုကွန်ရက်၊ Helvetas Myanmar, Network Action Group (NAG), IUCM, CARE Myanmar (GRO Project), Centre for Development and Enviroment (CDE) of the University of Bern နှင့် Land Core Group (LCG) တို့၏ ပူးပေါင်းဆောင်ရွက်မှုုဖြင့် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ မြေနှင့်သဘာဝအရင်းအမြစ်ရေရှည်တည်တံ့စွာ အသုံးပြုရေးအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်မြေနှင့် သဘာဝအရင်းအမြစ် ရေရှည်တည်တံ့စွာအသုံးပြုရေး ခေါင်းစဉ်ဖြင့် မွန်ပြည်နယ်အစိုးရနှင့်ဌာနဆိုင်ရာများ တင်ပြဆွေးနွေးခြင်း၊ မွန်ပြည်နယ်လွှတ်တော်အဖွဲ့မှ တင်ပြဆွေးနွေးခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများမှ တင်ပြဆွေးနွေးခြင်းနှင့်ဒေသခံများမှ တင်ပြဆွေးနွေးခြင်းအစီအစဉ်များဖြင့် အသေးစိတ်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ကြပါသည်။


