မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အထောက်အကူပြုဆိုင်ရာ အထွေထွေဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၂၂-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အထောက်အကူပြုဆိုင်ရာ အထွေထွေဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုခြင်း ဆိုင်ရာ အတွေ့အကြုံများနှင့်အခွင့်အလမ်းများအား ဆွေးနွေးခြင်း၊ ဥပဒေပြုခြင်းလုပ်ငန်းစဉ်တွင် လူထုပူးပေါင်း ပါဝင်မှု ဆိုင်ရာ၊ လူထုတွေ့ဆုံခြင်းဆိုင်ရာ နည်းလမ်းများကို နိုင်ငံတကာဥပမာများဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဥပဒေပြုခြင်းလုပ်ငန်းစဉ်တွင် လူထုပူးပေါင်းပါဝင်မှုဆိုင်ရာ၊ လူထုတွေ့ဆုံခြင်း ဆိုင်ရာနည်းလမ်းများကို ဆွေးနွေး ခြင်းနှင့် ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲကို (၂၂-၁၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၃း၀၀)အချိန်တွင် ရပ်နားခဲ့ပါသည်။


