မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်မြန်မာနိုင်ငံမျက်မမြင်များအသင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၂၆.၄.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များနှင့်မြန်မာနိုင်ငံမျက်မမြင်များအသင်း အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီအဖွဲ့ဝင် များနှင့်လွှတ်တော်ရုံးအဖွဲ့များမှ တက်ရောက်ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အတွင်းရှိ အမြင်အာရုံချို့တဲ့သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မျက်မမြင်စာရင်းများ ကောက်ခံစုဆောင်းခြင်း၊ ၎င်းတို့၏ မိဘများအား အမြင်ဖွင့်ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ မျက်မမြင် များအား သင်တန်းပေးခြင်း၊ မသန်စွမ်းသူများဆိုင်ရာ သတင်းအချက်အလက်များ ရယူစုဆောင်းခြင်း၊ အသိပညာပေး အမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဒေသဆိုင်ရာတာဝန်ရှီသူများ၊ မိတ်ဖက်မသန်စွမ်းအဖွဲ့အစည်းများ၊ အခြားအရပ်ဖက်လူမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား မွန်းလွဲ (၀၁း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။



