5241

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၀.၃.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်  ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါ သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီသို့ လိပ်မူတိုင်ကြားလာသည့် တိုင်ကြားစာ၊ တင်ပြစာများနှင့်စပ်လျဉ်း၍  ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးကို (၁၀.၃.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။