မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေရုံး၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်အလုပ်ရုံနှင့်အလုပ်ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြညနယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တိုင်ကြားသူ၊ တိုင်ကြားခံရသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီသို့ လိပ်မူတိုင်ကြားလာသည့် တိုင်ကြားစာ၊ တင်ပြစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးကို (၁၀.၃.၂၀၂၀)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


