မွန်ပြည်နယ်လွှတ်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း
(၁.၆.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် လွှတ်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်တို့ဖြင့် ကျင်းပပြုလုပ်ပါသည် –
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ်(၂) ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ်(၃) မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်၏လုပ်ငန်းဆောင်ရွက်ချက် များအားရှင်းလင်းတင်ပြခြင်း၊
အစီအစဉ်(၄) လွှတ်တော်ကိုယ်စားလှယ်များမှ ရေးရာကော်မတီများအလိုက်ဆွေးနွေးခြင်း –
(က) ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊
(ခ) မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း။
အစီအစဉ်(၅) အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊
အစီအစဉ်(၆) အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်း။



