2947

မွန်ပြည်နယ်လွှတ်တော်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၁-၂-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီး ချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊  ဌာနဆိုင်ရာများ၊ ရေးရာကော်မတီဝင်များ၊ ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ကြပါသည်။