မွန်ပြည်နယ်လွှတ်တော်နှင့် မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်းကျင်းပသော e-Government အထောက်အကူပြု နည်းပညာ၊ အသိပညာ၊ ဗဟုသုတနှီးနှောဖလှယ်ပွဲကျင်းပခြင်း
(၂၉-၁-၂၀၁၈)ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်နှင့် မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း ကျင်းပသော e-Government အထောက်အကူပြု နည်းပညာ၊ အသိပညာ၊ ဗဟုသုတနှီးနှောဖလှယ်ပွဲကျင်းပခြင်း ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် egovernment to eSociety အကြောင်းဆွေးနွေးခြင်း၊ ICT for Office Management အကြောင်းခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် အသုံးပြုပုံ တင်ပြခြင်း၊ Electronic Management System for Government (EMS) အကြောင်း ဆွေးနွေးခြင်း၊ Future Trend for Technology အကြောင်းရှင်းလင်းခြင်းများပြုလုပ်ပါသည်။


