မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၅.၃.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ Construction လုပ်ငန်းရှင်များအသင်း၊ ကျော်ကြားအိမ်ဆောက် ပစ္စည်းဆိုင်၊ MCL ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘိလပ်မြေဈေးနှုန်းအဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၅.၃.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၆း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


