မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်အတွင်းရှိ ဘတ်ဂျက်လေလွင့်မှု မရှိစေရေး အတွက် ၂၀၁၈ခုနှစ် ဘတ်ဂျက်လျာထားချက်တွင် အများဆုံးပါဝင်သော ဌာနများ၏လုပ်ငန်းများကို ကွင်းဆင်းစစ် ဆေးရန် ဆွေးနွေးခဲ့ပါ သည်။
ကော်မတီအစည်းအဝေးကို (၁၀.၁.၂၀၁၈)ရက်နေ့၊နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


