2321

မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၇.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ပိုင်စက်သုံးဆီဆိုင်များမှ ပုဂ္ဂလိကသို့ လွှဲပြောင်းငှားရမ်းခဲ့သည့် စက်သုံးဆီဆိုင်များ၏ စာရွက်စာတမ်း၊ အချက်အလက်များနှင့့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၁၇.၈.၂၀၁၇)ရက်နေ့၊မွန်းလွဲ (၃း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။