မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၆.၇.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ တက် ရောက်ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များသည် ၂၀၁၇ခုနှစ်၊ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမှ (မွန်၊ ကရင်၊ တနင်္သာရီ) အရအသုံးဆိုင်ရာ လေ့လာ သည့်ဘတ်ဂျက်ခွဲဝေမှုအခြေအနေနှင့် အခွန်ဆိုင်ရာကိစ္စရပ်များအား ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၆.၇.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


