4506

မွန်ပြည်နယ်လွှတ်တော်ရုံး ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း

(၃၁.၇.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၌ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းပြုလုပ်ခဲ့ပါသည်။ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားတရား လွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်တရားသူကြီး၊ ရေးရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မွန်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် လွှတ်တော်ရုံး အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။

လှူဒါန်းပွဲတွင် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှဝေခြင်းများပြုလုပ်ခဲ့ပါသည်။