မွန်ပြည်နယ်လွှတ်တော်ရုံး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
မွန်ပြည်နယ်လွှတ်တော်နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော သုတေသနဆိုင်ရာလုပ်ငန်းတွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၆.၂၀၁၇) ရက်နေ့၊ မွန်းလွှဲ (၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာ ကော်မတီဝင်များ၊ ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှဝန်ထမ်းများတက်ရောက်ကြပါသည်။ အလုပ်ရုံဆွေး နွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းအကြောင်းရှင်းလင်းတင် ပြခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ တိုင်းရင်းသားဘာသာစကားအားရုံးသုံးခွင့်နှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာရွှေ့ပြောင်း လုပ်သားကိစ္စများနှင့်ပတ်သက်၍ သုတေသနတွေ့ရှိချက်အား ရှင်းလင်းတင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။


