မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။အစည်းအဝေးအား အောက်ပါ အစီ အစဉ် အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲ(၁၂း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည် –
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၃) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ခ) အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(ဂ) တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ဆိုင်ရာကော်မတီအတွင်းရေးမှူးမှ
ဆွေးနွေးတင်ပြခြင်း၊
(ဃ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(င) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(စ) ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဆ) တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာ
သုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဇ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးမှဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၄) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၅) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။



