4119

မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၉.၃.၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်တို့ဖြင့် ကျင်းပပြုလုပ်ပါသည်။

အစီအစဉ်(၁)    ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၂)    တိုင်ကြားစာ၊ အမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ်(၃)    ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊

(က)    ဥပဒေပြုရေးဆိုင်ရာကော်မတီ၊အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

(ခ)     တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ဂ)     ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံ ချက်၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊

(ဃ)   တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ် များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၄)    ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၅)    အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်(၆)    ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၇)    လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။