မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
(၂၈.၄.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်ပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တို့မှ အမှာစကားပြောကြားခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက် ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေကိစ္စရပ်များဆွေးနွေးခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်လွဲ (၀၂း၃၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။




