မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၃.၆.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်၊ ဥက္ကဋ္ဌအစည်းအဝေးခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကာ်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များသည် မြစ်သဲကျောက်လုုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ ကျောက်မိုင်းလုပ်ငန်းနှင့်ပတ်သက်ပြီး အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့ထံတင်ပြနိုင်ရေးကိစ္စရပ်အား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၂၃.၆.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


