3016

မွန်ပြည်နယ်လွှတ်တော်အားကုလသမ္မဂဖွံ့ဖြိုးမှုအစီအစဉ်မှဆိုပြုသည့် ကူညီပံ့ပိုးမှုအစီအစဉ် (၂၀၁၈-၂၀၂၂) အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၂၁.၂.၂၀၁၈) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အားကုလသမ္မဂဖွံ့ဖြိုးမှုအစီအစဉ်မှဆိုပြုသည့်ကူညီပံ့ပိုးမှုအစီအစဉ် (၂၀၁၈-၂၀၂၂) အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်အား UNDP မှ အနာဂါတ်တွင်ကူညီပံ့ပိုးမည့်အစီအစဉ်ကို ဆွေးနွေးခဲ့ကြ ပါသည်။

အခမ်းအနားကို (၂၁.၂.၂၀၁၈)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။