3689

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း

(၇-၈-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး call room တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အင်္ဂလန်အခြေစိုက် SOAS တက္ကသိုလ်၊ Hansard Society နှင့် ပညာအလင်းပွင့် မြန်မာသုသေတနဖောင်ဒေးရှင်းတို့မှ တွေ့ဆုံဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲတွင် ပညာအလင်းပွင့်မြန်မာ သုတေသန ဖောင်ဒေးရှင်းအဖွဲ့အစည်း(EMReF ) အနေဖြင့် မြန်မာနိုင်ငံ “တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များဆိုင်ရာ နှိုင်းယှဉ်သုတေသန ” များပြုလုပ်ရန် ကနဦးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့အဖွဲ့အစည်းအနေဖြင့်  မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအားကောင်းရေးကို အထူးစိတ်ဝင်စားသည့်အလျောက် မွန်ပြည်နယ်လွှတ်တော်အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ဆွေးနွေးပါသည်။