5397

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊  မွန်ပြည်နယ်လုပ်ငန်းလိုင်စင် နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ  ပြည်နယ်ဦးစီးမှူး ၊မွန်ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူ(၄)ဦးတို့မှ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တ ကျ ပြေးဆွဲရေးဥပဒေအား ပြင်ဆင်ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၅.၆.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။