5393

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၄.၆.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန၊် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်  ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များစနစ်တကျ  ပြေးဆွဲရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲနိုင်ရန် ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၄.၆.၂၀၂၀)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။