မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၄.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်များ၊ ငြိမ်းဖောင်ဒေးရှင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေအား အကောင် အထည်ဖော်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၃.၄.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၆း၅၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


