2291

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၁.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သထုံမြို့နယ်ရေလုပ်သား ကိုယ်စား လှယ်များ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၁၁.၈.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။