1336

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၉.၂၀၁၆(ကြာသပတေးနေ့)               နေပြည်တော်တွင်ကျင်းပပြုလုပ်သောပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု၊ ပင်လုံဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မော်လမြိုင်မြို့သို့ ညနေပိုင်းတွင်ပြန်လည်ရောက်ရှိသည်။   

 

၂.၉.၂၀၁၆(သောကြာနေ့)                 ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးပြုလုပ် သည်။

 

၃.၉.၂၀၁၆(စနေနေ့)                      သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး မဲဆန္ဒရှင်များနှင့်တွေ့ဆုံဆွေးနွေး သည်။

 

၄.၉.၂၀၁၆(တနင်္ဂနွေနေ့)                  သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး မဲဆန္ဒရှင်များနှင့်တွေ့ဆုံဆွေးနွေး သည်။

 

၅.၉.၂၁၀၆(တနင်္လာနေ့)                      (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

၆.၉.၂၀၁၆(အင်္ဂါနေ့)                      (၀၈း၀၀)နာရီခွဲအချိန် မော်လမြိုင်မြို့၊ မွန်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော မော်လမြိုင်မြို့တက္ကသိုလ်မှ ပဉ္စမနှစ် ဥပဒေပညာအထူးပြုကျောင်းသား၊ ကျောင်းသူများတရားခွင်လက်တွေ့ လုပ်ငန်းများလေ့လာသည့် ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားသို့ တက် ရောက်သည်။ ရုံးသို့ဆက်လက်တက်ရောက်ပါသည်။

 

၇.၉.၂၀၁၆(ဗုဒ္ဓဟူးနေ့)                    ရုံးတက်ရောက်ပါသည်။(၁၀း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးနှင့် (၁၃း၀၀)နာရီအချိန်တွင် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီတွင် အစည်း အဝေးပြုလုပ်သည်။

 

၈.၉.၂၀၁၆(ကြာသပတေးနေ့)             (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းများစုပေါင်းပြီး သံဃာတော် များအားဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပါသည်။ (၁၃း၀၀)နာရီအချိန် မော်လမြိုင်မြို့အ.ထ.က(၆)ရတနာမွန်ခန်းမ၌ကျင်းပပြုလုပ်သော အပြည် ပြည်ဆိုင်ရာစတတ်မြောက်ရေးအခမ်းအနားသို့တက်ရောက်ပါသည်။

၉.၉.၂၀၁၆(သောကြာနေ့)                 ရုံးတက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး တွင် မွန်ပြည်နယ်အလတ်စား၊ အသေးစားပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကြမ်းကော်မတီညှိနှိုင်းအစည်းအဝေး ကိုလည်းကောင်း၊ တိုင်ကြားစားနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေ ထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို လည်း ကောင်းကျင်းပပြုလုပ်သည်။

 

၁၀.၉.၂၀၁၆(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၁၁.၉.၂၀၁၆(တနင်္ဂနွေနေ့)                နေပြည်တော်တွင်ကျင်းပမည့် အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှုတွေ့ဆုံ ပွဲနှင့် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာဖွင့်ပွဲအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၆)နှင့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့တက် ရောက်ရန် နေပြည်တော်သို့သွားရောက်သည်။

 

၁၂.၉.၂၀၁၆(တနင်္လာနေ့)                 နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေသည်။

 

၁၃.၉.၂၀၁၆(အင်္ဂါနေ့)                     နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေသည်။

 

၁၄.၉.၂၀၁၆(ဗုဒ္ဓဟူးနေ့)                  နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေသည်။

 

၁၅.၉.၂၀၁၆(ကြာသပတေးနေ့)             (၁၂း၃၀)နာရီအချိန် နေပြည်တော်လွှတ်တော်ဝင်း သဘင်ဆောင်၌ ကျင်းပသော၂၀၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနား သို့တက်ရောက်ပါသည်။

 

၁၆.၉.၂၀၁၆(သောကြာနေ့)               နေပြည်တော်မှ  မော်လမြိုင်မြို့သို့  ညနေပိုင်းတွင်ပြန်လည်ရောက်ရှိပါ သည်။

 

၁၇.၉.၂၀၁၆(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။ ငွေမိုးဟိုတယ်တွင် ကျင်းပပြုလုပ်သော Public Policyဆွေးနွေးပွဲ (ပထမနေ့)သို့ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပါသည်။

 

၁၈.၉.၂၀၁၆(တနင်္ဂနွေနေ့)                ရုံးပိတ်ရက်ဖြစ်ပါသည်။ ငွေမိုးဟိုတယ်တွင် ကျင်းပပြုလုပ်သော Public Policy ဆွေးနွေးပွဲ(ဒုတိယနေ့)သို့ မွန်ပြည်နယ်လွှတ်တော်ကိုုယ်စားလှယ် များတက်ရောက်ပါသည်။

 

၁၉.၉.၂၀၁၆(တနင်္လာနေ့)                 (၀၉း၀၀)နာရီအချိန်မော်လမြိုင်မြို့မွန်ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၁၆ခုနှစ်၊ (၂၂)ကြိမ်မြောက် မွန်ပြည်နယ်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့

တက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။

 

၂၀.၉.၂၀၁၆(အင်္ဂါနေ့)                     (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ပြုလုပ် သောမွန်ပြည်နယ်အတွင်းရှိ အကြီးစားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ သုတေသနပြုလုပ်သောလူမှုဝန်းကျင်နှင့် သဘာ၀၀န်းကျင်အကျိုးသက် ရောက်မှုများမှ ဆက်စပ်ဖြစ်ပေါ်လာသော မြေယာအခွင့်အရေးနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာမူဝါဒ သဘောတရားများအကြောင်းရှင်းလင်းဆွေးနွေးပွဲ သို့တက်ရောက်ပါသည်။ (၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် မြို့နယ်များမှစာပေ ယဉ်ကျေးမှုကော်မတီများ ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

 

၂၁.၉.၂၀၁၆(ဗုဒ္ဓဟူးနေ့)                  (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၆ခုနှစ် (၂၂)ကြိမ်မြောက် မွန်ပြည်နယ်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်သည့် အခမ်း အနားသို့တက်ရောက်၍ ဆုချီးမြှင့်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီအစည်းအဝေးနှင့် (၁ရး၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စ ရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်သည်။

 

၂၂.၉.၂၀၁၆(ကြာသပတေးနေ့)          ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအစည်းအဝေးပြုလုပ်ပါသည်။ ၎င်းနေ့(၁၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဥပဒေလေ့လာဆန်းစစ်ရေး ကော်မတီအစည်းအဝေးသို့တက်ရောက်ပါသည်။

 

၂၃.၉.၂၀၁၆(သောကြာနေ့)               ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးပြုလုပ်ပါသည်။

 

၂၄.၉.၂၀၁၆(စနေနေ့)                     သံဖြူဇရပ်မြို့သို့သွားရောက်ပြီး၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း များ၊ တင်ပြချက်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။

၂၅.၉.၂၀၁၆(တနင်္ဂနွေနေ့)                သံဖြူဇရပ်မြို့သို့သွားရောက်ပြီး၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တင်ပြချက်များကို ဆွေးနွေးညှိနှိုင်းကြ ပါသည်။

 

၂၆.၉.၂၀၁၆(တနင်္လာနေ့)                 (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ရာမညဟိုတယ်၌  NEI နှင့် KAS  တို့ိုပူးပေါင်းပြုလုပ်သော ပြည်သူဆက်ဆံရေးနှင့် မီဒီယာဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)သို့တက်ရောက်ပါသည်။ (၁၄း၀၀)နာရီ အချိန်တွင် ရေးမြို့နယ်မှဆရာတော်ကြီးများနှင့် ရပ်မိရပ်ဖများလာရောက် တွေ့ဆုံပါသည်။ ၎င်းတို့ကစက်ရုံများမှကျောက်မီးသွေးဖြင့် လျှပ်စစ်မီး ထုတ်လုပ်ခြင်းကို ခွင့်မပြုရန်အတွက် အကျိုးအကြောင်းဆွေးနွေး ပြောကြားပါသည်။

 

၂၇.၉.၂၀၁၆(အင်္ဂါနေ့)                     (၀၉း၀၀)နာရီအချိန်တွင် ရာမညဟိုတယ်၌ပြုလုပ်သော ပြည်သူ့ ဆက်ဆံရေးနှင့် မီဒီယာဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ(ဒုတိယနေ့)သို့ တက်ရောက်ပါသည်။ (၁၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ Stand Hotel၌ ဂျပန်နိုင်ငံအခြေစိုုက်ကုလသမဂ္ဂ၏ အခြေခံအုတ်မြစ်ချ ကူညီပံ့ပိုုးရေး အဖွဲ့မှ ဖိတ်ကြားသည်ညစာစားပွဲသို့ တက်ရောက်ပါသည်။

 

၂၈.၉.၂၀၁၆(ဗုဒ္ဓဟူးနေ့)                   ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် Land Core Group အဖွဲ့နှင့်တွေ့ဆုံုသည်။ (၁၁း၀၀)နာရီအချိန်တွင် မသန်မစွမ်းအဖွဲ့နှင့် တွေ့ဆုံသည်။ (၁၃း၀၀)နာရီအချိန်တွင် ဂျပန်နိုင်ငံအခြေစိုုက်အဖွဲ့မှ Mr.Tokumaru Nobumichi , Mr.JP Naw Awn ဒေါ်ဖြူဖြူမွန်နှင့် ဦးကျော်စွာမင်းတို့နှင့် တွေ့ဆုံပါသည်။

 

၂၉.၉.၂၀၁၆(ကြာသပတေးနေ့)           ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လွှတ်တော်ရုံးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်အဖွဲ့နှင့် တွေ့ဆုံပါသည်။ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် အနေဖြင့် မြို့နယ်နှင့် ပြည်နယ်အဆင့်ကွန်ရက်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့စည်းမှုအခြေအနေနှင့် ၂၀၁၆ခုနှစ် သြဂုတ်လတွင် ပြုလုပ် ခဲ့သည့် ဆွေးနွေးချက်များကို တင်ပြဆွေးနွေးကြသည်။

 

၃၀.၉.၂၀၁၆(သောကြာနေ့)               (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ဘတ်ဂျက်ကိစ္စနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။